Local News

မြန်မာနိုင်ငံတွင် Arbitration Center တည်ထောင်ရေးအတွက် အစည်းအဝေးကျင်းပ

Last Updated:

မြန်မာနိုင်ငံတွင် Myanmar International Arbitration and Mediation Center တည်ထောင် ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ နေပြည်တော်တွင်ကျင်းပခဲ့သည်။ အစည်းအဝေးကို  ဦးအောင်စိုး၊ ညွှန်ကြားရေး မှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒေါ်တင်နွယ်စိုး၊ ညွှန်ကြားရေးမှူးချုပ် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊  ဦးမျိုးသူ၊ ညွှန်ကြားရေးမှူးနှင့်   Mr. Robert San Pe,Legal Adviser to Justice Sector Coordinating Body တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက  ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန် လျာထားသည့် Myanmar International Trade Center အဆောက်အဦတွင် AC ဖွင့်လှစ်ရန် စီစဉ်ထားရှိမှု၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက မြန်မာနိုင်ငံတွင်အသစ်ပြဌာန်းလိုက်သည့် Arbitration Law အကြောင်း ဆွေးနွေးခြင်း၊ Legal Adviser ဖြစ်သူ Mr. Robert San Pe က မြန်မာနိုင်ငံတွင် Myanmar International Arbitration and Mediation Center တည်ထောင်နိုင်ရေးအတွက် အဆိုပြုမူကြမ်းကို ရှင်းလင်းတင်ပြခြင်းနှင့် အဆိုပြုမူကြမ်းအပေါ် ပြန်လည် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အဆိုပါ Myanmar International Arbitration and Mediation Center တည်ထောင်ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နိုင်မှု (Doing Business) အခြေအနေ တိုးတက်လာနိုင်ကြောင်း သိရှိရသည်။

Category: Local News